၁။ မိတ်ဆက်ခြင်း

  • ROM robotics ကို ၂၀၁၇ မှာ ခိုင်လွင် ၊ ပြည့်စုံအောင် တို့နှစ်ဦး အပျော်တမ်း စတင်ထူထောင်ခဲ့ကြပြီး သုတေသနလုပ်ငန်း နှင့် သင်တန်းအချို့ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉ မှာတော့ တရားဝင် ကုမ္ပဏီ လီမိတက် အဖြစ်ရပ်တည်လာနိုင်ပြီး အလုပ်သင် ၂၆ ယောက်နှင့် ပြင်ပသင်တန်းသား ၂၀ ခန့် သင်ကြားပေးနိုင်ခဲ့ပါတယ်။ သင်တန်းသားများမှ အောက်ပါ သင်တန်းသားများ အချို့ဟာ အဖွဲဝင် အဖြစ် အမြဲတမ်း/ယာယီ လက်တွဲပါဝင်ခဲ့ကြပါတယ်။
    • (./) ကောင်းထက်ထွန်း
      (./) သော်လင်းနိုင်
      (./) ကျော်စွာထွန်း
      (./) မင်းထက်ဟန်

  • ၂၀၂၀ မှာတော့ ပြင်ပသင်တန်းသား ၂၀ ကျော်တက်ရောက်ခဲ့ကြပြီး အောက်ပါသင်တန်းသားများသည် ROM နှင့် အချိန်ပိုင်း ပူးပေါင်းပါဝင်ခဲ့ကြပြီး robot operating system 2 ကိုလေ့လာခဲ့ပြီး ဘာသာပြန်ခဲ့ကြသည်။
    • (./) အောင်ချိုဦး
      (./) စည်သူရဲထွန်း
      (./) သန့်စင်
      (./) ဖြိုးမင်းသန့်
      (./) ဇင်မင်းထိုက်
      (./) မင်းသွေးမြင့်

    ၂၀၂၁ အတွင်းမှာတော့ ROM မှ ပြည်တွင်းဖြစ် robot controller များနှင့် low-level driver များဖန်တီးပြုလုပ်လျက်ရှိပါတယ်။ စိတ်အားထက်သန်သူ ပြည်တွင်း/ပြည်ပ မှ လူကြီး/လူငယ်များ ပူးပေါင်းပါဝင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။

၂။ ထုတ်ကုန်များ

  • ပထမဆုံး ထုတ်ကုန်အဖြစ် mobile robot အတွက် robot controller ကိုစမ်းသပ်လျက်ရှိပြီး ၂၀၂၁ နှစ်ကုန်တွင် စတင်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ROS1, ROS2, ROS-I နှင့် micro-ROS Real-time OS များကိုလည်း စဥ်ဆက်မပြတ် လေ့လာ ဆန်းစစ်လျက်ရှိပြီး လွယ်ကူစွာအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ software package များကို အောက်ပါ link များတွင် အသုံးပြုပုံနှင့် source code များရယူနိုင်ပါသည်။


rom.png

Wiki: ROM ROBOTICS (last edited 2021-09-04 08:35:21 by Pyae soan aung)